အစ္စရေးကို တိုက်ခိုက်မှု အတောအတွင်း ဒရုန်း ၈၀ ကျော်ကို ကြားဖြတ်တားဆီး နိုင်ခဲ့သည်ဟု အမေရိကန် ဗဟိုစစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ကြေညာ

(GMT+08:00)2024-04-15 14:03:55  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က အမေရိကန်ဗဟိုစစ်ဦးစီးဌာနချုပ်မှ ကြေညာချက် ထုတ်ပြန်ပြီး ၁၃ ရက်နေ့ညမှ ၁၄ ရက်နေ့အထိ အမေရိကန်တပ်ဖွဲ့သည် အီရန်မှ အစ္စရေးကို တိုက်ခိုက်မှု အတောအတွင်း အီရန်နှင့် ယီမင်တို့မှ တစ်လမ်းမောင်း တိုက်ခိုက်မှု ဒရုန်း ၈၀ ကျော်နှင့် ပဲ့ထိန်းဒုံးကျည် ၆ စင်းထက်မနည်းတို့ကို ကြားဖြတ်တားဆီး နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

 အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ၁၄ ရက်နေ့ နံနက် ပိုင်းအချိန်က ကြေညာချက်ထုတ်ပြန်ပြီး အစ္စရေးပစ်မှတ်များအား ဒုံးကျည်နှင့် ဒရုန်း ၄-၅ ဆယ်တို့ကို ပစ်ခတ်ခဲ့ကာ ယင်းသည် ဧပြီလ ၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ဆိုင်ရာ အီရန်သံရုံး၏ ကောင်စစ်ဝန်ရေးရာ ဌာနအား တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရသိရပါသည်။