အီရန်-အစ္စရေး ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေပြီး အစ္စရေး Negev လေတပ်မှ တိုက်လေယာဉ်များက လေကြောင်းမှ တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားရန် အဆင်သင့်

(GMT+08:00)2024-04-15 14:05:50  

ဒေသစံတော်ချိန် ဧပြီလ ၁၄ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်မှုများကို ကြားဖြတ် ဟန့်တားခြင်း တာဝန်ကို ထမ်းဆောင်ရန် အစ္စရေးနိုင်ငံ Negevမြို့ရှိ လေဆိပ်တစ်ခုတွင် လေတပ် တိုက်လေယာဉ်တစ်စင်း ရပ်နားနေပါသည်။ အီရန်မှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ခြိမ်းခြောက်မှု အကြိမ်ပေါင်း ၃၀၀အား ၉၉ ရာခိုင်နှုန်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။ ယခုအကြိမ် ညအချိန်တိုက်ခိုက်မှုသည် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးက ဗုံးကြဲတိုက်ခိုက်ခံရခြင်းအတွက် လက်တုံ့ပြန်သည့် အနေဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း အီရန် စစ်ဘက်က ပြောကြားပါသည်။