အင်ဒိုနီးရှားတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံး

(GMT+08:00)2024-04-15 14:12:36  

ဧပြီလ ၁၃ ရက်နေ့ည သန်းခေါင်ယံအချိန်တွင်ဖြစ်ပွားခဲ့သောမြေပြိုမှုတွင် လူ ၁၈ ဦးထက် မနည်း သေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေစီပြည်နယ် သဘာဝဘေးကယ်ဆယ်ရေးအေဂျင်စီမှအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။

တောင်ဆူလာဝေစီပြည်နယ် သဘာဝဘေးကယ်ဆယ်ရေးအေဂျင်စီ၏ ကယ်ဆယ်ရေးဌာန တာဝန်ရှိသူAmson Padolo အား ဆင်ဟွာသတင်းဌာနမှ သတင်းထောက်က တယ်လီဖုန်းဖြင့် မေးမြန်းရာတွင် ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ဒေသများသည် မြေသားပြိုကျမှုကြောင့် ၎င်းပြည်နယ်၏ မက္ကာမြို့နှင့် တောင်မက္ကာလ်မြို့မှာ ၁၃ ရက်နေ့ညက မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်အများအပြား ပျက်စီးကာ လူအများအပြားလည်း မြေပိခံရကြောင်း ပြောကြားခဲ့သည်။