တရုတ် နိုင်ငံ၏ တည်ဆောက်ဆဲ နျူကလီးယားဓာတ်အားပေး ယူနစ် အရေအတွက်နှင့် စက်တပ်ဆင်မှုပမာဏတို့သည် ကမ္ဘာတွင် အများဆုံး

(GMT+08:00)2024-04-15 14:07:18  

ယခုလ ၁၅ရက်နေ့က တရုတ် နျူကလီးယား စွမ်းအင် လုပ်ငန်း အသင်းမှ ထုတ်ပြန်သော “တရုတ် နျူကလီးယား စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ ၂၀၂၄” စက္ကူပြာ စာတမ်းတွင် ယခုအထိ တရုတ်နိုင်ငံ၌ တည်ဆောက်ဆဲ ဖြစ်နေသော နျူကလီးယားဓာတ်အားပေး ယူနစ် အရေအတွက်မှာ ၂၆ယူနစ် ရှိပြီး ကမ္ဘာ့ ရှေ့တန်းနေရာတွင် တည်ရှိနေပြီး စုစုပေါင်း စက်တပ်ဆင်မှုပမာဏမှာ ကီလိုဝပ် ၃၀သန်း၃သိန်း ရှိကာ ကမ္ဘာတွင် ပထမဆုံး နေရာ၌ တည်ရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။