“လက်နက်” ဖြစ်လာသည့် ဖိလစ်ပိုင်

(GMT+08:00)2024-04-15 14:10:31  

ဒေသစံတော်ချိန် ဧပြီလ ၁၁ ရက်နေ့က အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင် ခေါင်းဆောင်များသည် ဝါရှင်တန်မြို့၌ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကို ပြုလုပ်ခဲ့သည်။

   အမေရိကန် အရာရှိက မီဒီယာနှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေးမှ ရရှိခဲ့သည့် ဆောင်ရွက်ချက်များသည် တောင်ပင်လယ်ရေးရာအပါအဝင် တရုတ်နိုင်ငံအား ရည်ညွှန်းခြင်း ဖြစ်သည်ဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။

   ဖိလစ်ပိုင် သမ္မတ Marcos သည် တစ်ဖက်မှာ ပြီးခဲ့သည့် အကြိမ် ဖိလစ်ပိုင်အစိုးရက တရုတ်နိုင်ငံနှင့် ရရှိထားသည့် “လူကြီးလူကောင်းစာချုပ်” ကို အပြတ်အသတ် ငြင်းဆို ခဲ့ပြီး တစ်ဖက်မှာ ထိပ်သီးအစည်းအဝေး အတောအတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံရေး သဘောတူညီမှု ရရှိနိုင်ရန် မျှော်လင့်သည်ဟု မီဒီယာမှ တစ်ဆင့် ဖော်ပြခဲ့သည်။

  မကြာမီက အမေရိကန်စစ်တပ်၏ အင်ဒို ပစိဖိတ် စစ်ဦးစီးချုပ် Aguilino က “အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲ ကာကွယ်ရေး စာချုပ်” အသက်ဝင်ခြင်းအတွက် ခြွင်းချက် တစ်ရပ်ကို ရှင်းလင်းစွာ ထားခဲ့သည်။ ယင်းသည် အကယ်၍ ဖိလစ်ပိုင်ဘက်မှ လူသူ သေဆုံးမှုများ ဖြစ်ပွားပါက ဖိလစ်ပိုင်သည် အထက်ပါ စာချုပ်အတိုင်း ဖော်ဆောင်နိုင်ခြင်း ဖြစ်သည်။

   အမေရိကန်က ဖိလစ်ပိုင်လူမျိုးများ သေကျေဒဏ်ရာရရှိမှု ဖြစ်ပွားပြီး တရုတ်နိုင်ငံနှင့် ပဋိပက္ခကို ဖန်တီးရန် မျှော်လင့်သည် ဆိုတာ လွန်စွာ ထင်ရှားပါသည်။ အမေရိကန်က ဖိလစ်ပိုင်အား “လက်နက်” အဖြစ် အသုံးပြုချင်သည့် ကြံဆချက်သည်လည်း လွန်စွာ ထင်ရှားပါသည်။

  ဖိလစ်ပိုင်အစိုးရက အမေရိကန်ဆီ အခကြေးငွေ ဒေါ်လာ ဘီလီယံ ၁၀၀ တောင်းချင်သည့် တစ်ချိန်တည်းတွင် မည်မျှသော ဖိလစ်ပိုင် ပြည်သူများ၏ အသက်ရှင်သန်ခြင်း အပါအဝင် အကျိုးစီးပွားများ ရောင်းစားခြင်း ခံရမည် ဆိုတာ ဖိလစ်ပိုင် အစိုးရက စဉ်းစားခဲ့ဖူးလားဟု မေးခွန်းထုတ်သင့်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။