သြစတြေးလျ ဈေးဝယ်စင်တာတစ်ခုတွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-14 14:18:45  

ဒေသစံတော်ချိန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ၉ လသားကလေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရရှိသူ ၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးနိုင်သည်ဟု သတင်းအရ သိရပါသည်။