အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်သည် ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေရန် လုပ်ဆောင်နေသည်ဟု ကန်အရာရှိဆို

(GMT+08:00)2024-04-14 14:18:25  

   အရှေ့အလယ်ပိုင်းဒေသတွင် ဟန့်တားမှု အားကောင်းစေရန်နှင့် အမေရိကန် တပ်ဖွဲ့များအား အကာအကွယ်ပေးမှုကို တိုးမြှင့်ရန် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသသို့ “ပိုမိုများပြားသော ပစ္စည်းများ”ကို စုရုံးနေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ အရာရှိ၏ ပြောဆိုချက်ကို ကိုးကား၍ ဧပြီလ ၁၂ ရက်နေ့က Fox News မှ ဖော်ပြခဲ့ပါသည်။

ထိုနေ့တွင်ပင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က လည်း အမေရိကန်၏ လက်ရှိအာရုံစိုက်မှုသည် အစ္စရေးနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားရန်ဖြစ်ပြီး အစ္စရေး၏ လိုအပ်သည်များကို ထောက်ပံ့ကူညီပေးပြီး မိမိကိုယ် မိမိ ကာကွယ်နိုင်စေရန် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။