တရုတ်နိုင်ငံသည် ကုန်စည်ကူးသန်းရောင်းဝယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၇ နှစ် ဆက်တိုက် ရပ်တည်နိုင်ခဲ့

(GMT+08:00)2024-04-14 14:16:31  

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနမှ တာဝန်ခံက ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာပို့ကုန်ဈေးကွက်ဝေစုသည် ၁၄.၂ ရာခိုင်နှုန်းဖြစ်ပြီး ကုန်စည် ကူးသန်း ရောင်းဝယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၇ နှစ် ဆက်တိုက် ရပ်တည် နိုင်ခဲ့ ကြောင်းပြောကြား ပါသည်။ ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာရန် ခက်ခဲသော အခြေအနေမျိုးတွင် တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံတကာဈေးကွက်ဝေစုကို ပဏာမအားဖြင့် တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခြင်း သည် အားကောင်းသော ဖွံ့ဖြိုးမှု ဆိုင်ရာ ရေရှည်ခိုင်မာမှုကို ပြသခဲ့သည်ဟု ဆင်ဟွာ သတင်း အရသိရပါသည်။