တရုတ်-လာအို နိုင်ငံတကာမီးရထား စတင်ပြေးဆွဲသည့် တစ်နှစ်အတွင်း ခရီးသည် စုစုပေါင်း ၇သိန်းခန့် ပို့ဆောင်

(GMT+08:00)2024-04-14 14:16:56  

ဧပြီလ ၁၃ရက်နေ့သည် တရုတ်-လာအို မီးရထား စတင်ပြေးဆွဲသည့် ပထမဆုံး နှစ်ပတ်လည်နေ့ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ် အတွင်း ခရီးသည် စုစုပေါင်း ၇သိန်းခန့် ပို့ဆောင်ခဲ့ကြောင်း၊ ယင်းခရီးသည်များအနက် နိုင်ငံနှင့်ဒေသ(၈၇)ခုမှ ကမ္ဘာလှည့်ခရီးသည် ၁သိန်း၈သောင်းရှိကြောင်း၊ ပြီးခဲ့သည့် ၁နှစ်တွင် တရုတ်-လာအို နိုင်ငံတကာ ခရီးသည်တင် မီးရထားသည် ခရီးသည်တင်နှုန်း မြင့်မားပြီး ရှစ်ဆောင်ပဏ္ဏားနှင့် Luang Prabangစသော မြို့များ၏ ခရီးသွားလုပ်ငန်းများကို အကျိုးပြုပြီး တရုတ်-လာအိုနှစ်နိုင်ငံ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ကို တွန်းအားပေးကြောင်း သတင်းအရ သိရပါသည်။