၁၃၅ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ပြင်ဆင်ရေးလုပ်ငန်းများ ချောမောစွာ ဆောင်ရွက်လျက်ရှိ

(GMT+08:00)2024-04-14 14:15:33  

၁၃၅ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ(ကွမ်ကျိုးကုန်စည်ပြပွဲ)ကို ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ပြပွဲပြင်ဆင်ရေးလုပ်ငန်းများကို ချောမောစွာ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအကြိမ်ကွမ်ကျိုးကုန်စည်ပြပွဲသို့ ပါဝင်သည့် လုပ်ငန်းကုမ္ပဏီများတွင် နိုင်ငံအဆင့် နည်းပညာသစ်လုပ်ငန်းကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းတွင် ချန်ပီယံစသည့် အရည် အသွေးမြင့်ပြီး ထူးခြားချက်ပါရှိသော လုပ်ငန်းကုမ္ပဏီ ၃၀၀၀ ကျော် ပါဝင်ပြီး ပြီးခဲ့သည့်ပြပွဲထက် ရာခိုင်နှုန်း ၂၀ တိုးလာသည်ဟု သတင်းအရသိရပါသည်။