အီရန်မှ အစ္စရေးကို စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဘက်အသီးသီးတို့အား ခေါင်းအေးအေးထားပြီး စိတ်ရှည်သည်းခံ ပါရန် ပန်ကြား

(GMT+08:00)2024-04-14 14:17:18  

    အီရန်မှ အစ္စရေး၏ ပိုင်နက်နယ်မြေကို စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တရုတ် နိုင်ငံသည် လက်ရှိ အခြေအနေ တင်းမာမှု အရှိန်မြင့်လာခြင်း အပေါ် လွန်စွာ အာရုံစိုက်နေကြောင်း၊ အခြေအနေ တင်းမာမှု တစ်ဆင့်တိုး အရှိန်မမြင့်လာအောင် သက်ဆိုင်ရာ ဘက်အသီးသီးတို့အား ခေါင်းအေးအေးထားပြီး စိတ်ရှည်သည်းခံကြရန် ပန်ကြားကြောင်း၊ ယင်းအခြေအနေ တင်းမာမှု အရှိန်မြင့်လာခြင်း သည် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခ၏ သက်ရောက်မှု ကျယ်ပြန့်လာနေသည့် နောက်ဆုံး လက္ခဏာ ဖြစ်ကြောင်း၊ လောလောဆယ် လုပ်ဆောင်ရမည့် ကိစ္စမှာ ဂါဇာ ကမ်းမြောင် ဒေသ၏ ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၂၈ကို ထိရောက်စွာ လက်တွေ့ ဖော်ဆောင်ရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။