အစ္စရေးအား ခိုင်မာစွာထောက်ခံအားပေးမည်ဟု အမေရိကန်က ထပ်မံဖော်ပြ

(GMT+08:00)2024-04-14 14:17:56  

    ဒေသစံတော်ချိန် ဧပြီလ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Austinနှင့် အစ္စရေး နိုင်ငံတော် ကာကကွယ်ရေးဝန်ကြီး Galanteတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင်းရင်ဆိုင်နေရသော “အရေးပေါ် ခြိမ်းခြောက်မှုများ”ကို ဆွေးနွေးခဲ့ကြ ပြီး အီရန်၏ စစ်ရေးတိုက်ခိုက်မှုကို ခုခံရန်အတွက် အမေရိကန်က အစ္စရေးအား အခိုင်အမာ ထောက်ခံ အားပေးမည်ဖြစ်ကြောင်း ထပ်မံဖော်ပြခဲ့သည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ryder က ၁၃ ရက်နေ့တွင် ပြောကြားပါသည်။