(၄ )ကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲကို တရားဝင် ဖွင့်လှစ်

(GMT+08:00)2024-04-14 14:16:13  

ဧပြီ လ ၁၃ရက်နေ့က (၄ ) ကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲကို ဟိုင်နန်တွင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း၊ သိပ္ပံနည်းပညာ ကုန်ပစ္စည်း၊ ကျန်းမာရေးအစားအစာနှင့် အလှကုန်ပစ္စည်းများ အပါအဝင် နယ်ပယ်စုံ၏ ကုန်ပစ္စည်းသစ်ပြသရေးလှုပ်ရှားမှုများစတင်ကြောင်း၊ ဗြိတိန်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်စသော နိုင်ငံများနှင့်ဒေသ (၁၀)ခုကျော်မှ ကုန်သည်အဖွဲ့များနှင့် ကမ္ဘာ့နာမည်ကျော်  ကုမ္ပဏီကြီးများမှ ခေါင်းဆောင်၁၀၀ကျော်တို့သည် စီးပွားရေးလှုပ်ရှားမှုများသို့ တက်ရောက်ပါဝင်ကြကြောင်း သတင်းအရ သိရပါသည်။