အီရန်သည် အစ္စရေးအား လေကြောင်းမှ တိုက်ခိုက်

(GMT+08:00)2024-04-14 14:17:38  

ဒေသစံတော်ချိန် ဧပြီလ ၁၃ရက်နေ့က အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ် က ဆီးရီးယားဆိုင်ရာ အီရန်သံရုံးကို တိုက်ခိုက်ပြီး အီရန်စစ်အရာရှိများ သေဆုံးခြင်းအပါအဝင် အစ္စရေး၏ ရာဇဝတ်မှုမြောက်များစွာကို တုံ့ပြန်သည့်အနေဖြင့်  ဒရုန်း၊ ဒုံးကျည်များဖြင့် အစ္စရေး၏ပစ်မှတ်အချို့ကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ဒေသစံတော်ချိန် ဧပြီလ ၁၃ရက်နေ့ညက အီရန်သည် တိုက်ခိုက်မှုစတင်ပြုလုပ်လာပြီး ယခုအထိ ဒုံးကျည် အလုံး ၁၅၀ကို ပစ်လွှတ်ခဲ့ကာ ပထမလှိုင်းတိုက်ခိုက်မှုကြောင့် အစ္စရေး၌ အချက်ပေးဥဩသံ အကြိမ်ပေါင်း ၇၂၀ ထွက်ပေါ်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ဧပြီလ ၁၄ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာအီရန်ကိုယ်စားလှယ်အဖွဲ့က အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှု ပြီးဆုံးသည်ဟု ယူဆနိုင်ကြောင်း လူမှုမီဒီယာ၌ ရေးသားထားကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၁၄ရက်နေ့တွင် အစ္စရေးကို အီရန်၏တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးပေါ်ဆွေးနွေးပွဲကို ကျင်းပကြောင်း အစ္စရေးမီဒီယာမှ ၁၄ရက်နေ့ထုတ် သတင်းအရ သိရပါသည်။