တရုတ်၊ထိုင်း ဗီဇာကင်းလွတ်ခွင့်ကြောင့် ဒေသတွင်းခရီးသွားလာရေး အရှိန်အဟုန် မြင့်တက်လာပြီး မိုဟန်-နယ်စပ်စခန်း မှတစ်ဆင့် ဝင်ရောက်သော ထိုင်းခရီးသည်ဦးရေ ၇၅၀ ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2024-04-13 15:17:44  

ဧပြီလ ၁၃ရက်နေ့သည် တရုတ်-လာအို မီးရထား၏ နိုင်ငံတကာခရီးသည်တင်ရထား စတင်ပြေးဆွဲခဲ့သည့် တစ်နှစ်ပြည့်မြောက်သည့်ရက်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်နှစ်အတွင်း ရထားများသည် အဆင်ပြေပြီး သက်တောင့်သက်သာရှိမှုကြောင့် တရုတ်ပြည်တွင်းပြည်ပ ခရီးသည်များစွာကို ဆွဲဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ခုနှစ် မတ်လ လကုန်အထိ တရုတ်-လာအို မီးရထား၏ နိုင်ငံတကာ ခရီးသည်တင် ရထားပေါင်း ၇၀၀ကျော် ပြေးဆွဲခဲ့ပြီး နိုင်ငံဖြတ်ကျော် ခရီးသည်ဦးရေ ၁သိန်း ၈သောင်းကို ပို့ဆောင်ခဲ့ကာ ၎င်းအနက် လာအို၊ ထိုင်း နှင့် မလေးရှားစသောနိုင်ငံများမှ ခရီးသည်များ အများစုပါဝင်ကြောင်း၊ ရှစ်ဆောင်ပဏ္ဏား နယ်စပ်စစ်ဆေးရေးစခန်းမှ အချက်အလက်များ အရ ယခုနှစ် မတ်လ ၁ရက်နေ့အထိ တရုတ်၊ထိုင်းအကြား ဗီဇာကင်းလွတ်ရေးစာချုပ် စတင် အသက်ဝင်လာသော ၁လအတွင်း တရုတ်၊လာအို ရထားလမ်း မိုဟန်-နယ်စပ်စခန်းတွင် ထိုင်းနိုင်ငံသားခရီးသည် ၆၂၉ဦးကို စိစစ်ပြီး ဝင်ရောက်စေခဲ့ကာ ယခုနှစ် ဇန်နဝါရီလကထက် ၇၅၀ ရာခိုင်နှုန်း တိုးများလာသည်ဟု သိရကြောင်း သတင်းရရှိပါသည်။