တူရကီနိုင်ငံတွင် ကေဘယ်လ်ကား လမ်းချော်မှု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံး

(GMT+08:00)2024-04-13 15:13:42  

ဒေသစံတော်ချိန် ဧပြီလ ၁၂ ရက်နေ့က တူရကီတောင်ပိုင်း အန်တာလီယာမြို့တွင် ကေဘယ်လ်ကား လမ်းချော်မှု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး ယယ်လီကာယာက ပြောကြားပါသည်။ ထိုနေ့တွင် အန်တာလီယာ ပင်လယ်ကမ်းစပ်ရှိ ကွန်ယာအာလ်တီဒေသမှာ ကေဘယ်ကားလိုင်း၏ ထောက်တိုင်တစ်ခု ပြိုကျခဲ့ပြီး ကေဘယ်ကားတစ်စီး  ပြုတ်ကျကာ ကားပေါ်ပါ လူ ၈ ဦးတွင်  ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရသိရပါသည်။