ရုရှား အော်ရိန်ပယ်ပြည်နယ်တွင် လူနေအိမ်ခြေ ၁၂၀၀၀ခန့်ရေမြုပ်နေဆဲ

(GMT+08:00)2024-04-13 15:11:54  

ဒေသစံတော်ချိန် ၂၀၂၄ခုနှစ် ဧပြီလ ၁၂ရက်နေ့က ရုရှား အော်ရိန်ပယ်ပြည်နယ်အစိုးရ၏ လူမှုကွန်ရက်တွင် ထုတ်ပြန်သည့် သတင်းအချက်အလက်အရ ဒေသစံတော်ချိန် နံနက် ၈နာရီအထိ ယင်းပြည်နယ်ရှိ မြို့နှင့်မြို့နယ်၂၆ခု၏ လူနေတိုက်အိမ် ၁၁၇၇၃ လုံး  ရေမြုပ်နေဆဲဖြစ်ကြောင်း၊ ကလေး၂၀၉၄ဦးအပါအဝင် လူပေါင်း ၁၀၇၃၉ဦးကို ရေမြုပ်ရာနေရာမှ ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ညနေ ၂ နာရီအထိ အော်ရိန်ပယ်ပြည်နယ်၏ ဝူရာလ်မြစ်၏ ရေအမှတ်သည် ၁၁၄၇စင်တီမီတာသို့ရောက်ရှိခဲ့ပြီး အစိုးရသည် ရေကြီးသောဒေသတွင် နေထိုင်သူများကို  အတိုင်းအတာ ကြီးမားစွာ ရွှေ့ပြောင်းပေးနေကြောင်း သတင်းအရ သိရပါသည်။