တရုတ်နိုင်ငံ၏ ၉၅၀၈ မီတာရှိ အနက်ရှိုင်းဆုံး ကမ်းလွန်ရေနံတွင်း တရားဝင် စတင်လည်ပတ်

(GMT+08:00)2024-04-13 15:10:25  

တရုတ်နိုင်ငံကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဖော်ဆောင်ထားသည့် အနက်ရှိုင်းဆုံး ကမ်းလွန် ရေနံတွင်း တရားဝင်စတင်လည်ပတ်ခဲ့ပါသည်။ ယင်းရေနံတွင်း၏ အနက်သည် ၉၅၀၈ မီတာ ရှိပါသည်။ ဒေါင်လိုက်တွင်းနှင့်မတူဘဲ ဒေါင်လိုက်အနက် မီတာ ၂၀၀၀ ခန့်သာရှိသော်လည်း ပင်လယ်ကြမ်းပြင်အောက် အလျားလိုက် ၈,၆၈၉ မီတာ ဆက်လက်တူးဖော်နိုင်ခဲ့သည်ဟု သိရပါသည်။