ယူကရိန်း အကျပ်အတည်း ဆိုင်ရာ ဘက်အသီးသီးတို့အား အပစ်အခတ်ရပ်စဲရေး အတွက် သံတမန်ရေး ကြိုးပမ်းမှုများကို အားဖြည့်ရန် တရုတ် ပန်ကြား

(GMT+08:00)2024-04-13 15:19:49  

ဒေသ စံတော်ချိန် ယခုလ ၁၂ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ရုရှား၏ တောင်းဆိုချက်အရ ယူကရိန်း အခြေအနေနှင့် ပတ်သက်၍ နှစ်ရက် ဆက်တိုက် တံခါးဖွင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ကင်ရွှမ်က သက်ဆိုင်ရာ ဘက်အသီးသီးတို့အား တာဝန်သိမှု သဘောထားဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် သံတမန်ရေး ကြိုးပမ်းမှုများကို အားဖြည့်ပြီး အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းနိုင်အောင် တွန်းအားပေးကာ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် ပန်ကြားကြောင်း ပြောကြားခဲ့ပါသည်။