ထိုင်ဝမ်သီးခြားတည်ရှိရေးလုပ်ရပ် မည်သည့်ပုံစံဖြင့်မဆို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်သွားမည်ဟု တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-04-13 15:11:01  

ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်း ဗိုလ်မှူးကြီး Wu Qian သည် မကြာမီက စစ်ရေးဆိုင်ရာနှင့် ပတ်သက်၍  သတင်းများကို ထုတ်ပြန်ခဲ့ပါသည်။

Wu Qian က တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရုတ်ထိုင်ဝမ်ဒေသ၏ အစိုးရ အကြား ကူးလူးဖလှယ်မှုနှင့် စစ်ရေးဆက်ဆံမှုမှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ယင်း ရပ်တည်ချက်သည် ရှင်းလင်းပြတ်သားကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲမရသော တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးဖြေရှင်းခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စဖြစ်သဖြင့် ပြင်ပမှ မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။