ကမ္ဘောဒီးယားမှ လောင်းကစားလိမ်လည်မှုတွင် ပါဝင်သော တရုတ်နိုင်ငံသား သံသယရှိသူ ၁၃၀ကို ပထမအသုတ် အဖြစ် ပို့ဆောင်

(GMT+08:00)2024-04-13 15:15:45  

ဧပြီလ ၁၃ရက်နေ့ နံနက်ပိုင်းက တရုတ်မြို့ပြလေကြောင်းမှ စင်းလုံးငှါးလေယာဉ် ၂စင်းသည် ဟူပေပြည်နယ် ဝူဟန့်မြို့ ထျန်ဟို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ခဲ့ ပြီး လောင်းကစားလိမ်လည်မှုတွင် ပါဝင်သော တရုတ်နိုင်ငံသား သံသယရှိသူ ၁၃၀ကို ပထမအသုတ် အဖြစ် ကမ္ဘောဒီးယားမှ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းသည် ၂၀၂၄ခုနှစ် တွင် တရုတ်၊ ကမ္ဘောဒီးယား ရဲဌာနတို့မှ  စီစဉ်ဆောင်ရွက်သော ပထမအသုတ် နေရပ် ပြန်ပို့ရေးနှင့် စောင့်ကြပ်ရေးတာဝန်ဖြစ်ပြီး နှစ်နိုင်ငံရဲဌာနတို့၏ လောင်းကစားလိမ်လည်မှု ဆိုင်ရာ ကျူးလွန်မှု ပူးတွဲတိုက်ဖျက်ရေးကို စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။