ဖိလစ်ပိုင်ဘက်အား မတည်ငြိမ်မှု ဖြစ်ရပ် တမင်ပြုလုပ်ခြင်းကို တရုတ်ဘက်က တစ်ပြားသားမှ လက်လွတ်စပယ်ပြုမည် မဟုတ်

(GMT+08:00)2024-04-13 15:20:38  

    ယခုလ ၁၂ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန သတင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၊ အထက်တန်း ဗိုလ်မှူးကြီး ဝူချန်းက မည်သည့် နိုင်ငံများ အကြားရှိ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မဆို အခြား နိုင်ငံ တစ်စုံတစ်ခုကို မရည်ရွယ်သင့်သလို ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အပေါ် မထိခိုက်သင့်ဟု တရုတ်ဘက်က အစဉ်တစိုက် ယူဆကြောင်း၊ တောင်ပင်လယ်တွင် တရုတ်ဘက်၏ သက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများသည် တရား ဝင်ပြီး ကျိုးကြောင်းဆီလျော်မှု ရှိ၍ ပြစ်တင်ကဲ့ရဲ့ဖို့ အကြောင်းမရှိကြောင်း၊ တောင်ပင်လယ် သည် ဒေသတွင်း နိုင်ငံများ၏ ဘုံအိုးအိမ် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် တောင်ပင်လယ် ရေးရာများတွင် ပြင်ပ အင်အားများမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း၊ တရုတ် နိုင်ငံသည် နိုင်ငံကြီး တစ်နိုင်ငံ အနေဖြင့် နိုင်ငံငယ်ကို အနိုင်ကျင့်မှု ဆိုသည်ကို မည်သည့်အခါမှ မပြုလုပ်ကြောင်း၊ သို့သော် ဖိလစ်ပိုင်ဘက်အား မတည်ငြိမ်မှု ဖြစ်ရပ် တမင်ပြုလုပ်ခြင်းကို တရုတ်ဘက်က တစ်ပြားသားမှ လက်လွတ်စပယ်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။