ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-04-12 11:38:48  

ဖိလစ်ပိုင်မီဒီယာမှ သတင်းအရ ဖိလစ်ပိုင် သမ္မတ Marcos က တရုတ်နှင့်ဖိလစ်ပိုင်ကြား Ren'ai Reef ရေးရာဆိုင်ရာ "လူကြီးလူကောင်းစာချုပ်" အကြောင်းကို မသိပါကြောင်း၊ ဖိလစ်ပိုင်က လျှို့ဝှက် သဘောတူညီချက်ဖြင့် နယ်မြေအချုပ်အခြာအာဏာရေးရာနှင့် ပတ်သက်ပြီး စေ့စပ်၍ အလျှော့ပေးခြင်း ရရှိရန်ဖြစ်သည့် ကြံဆချက်အပေါ် တုန်လှုပ်မိကြောင်း၊ ဖိလစ်ပိုင်က ကိုယ့်ပိုင်နက်နယ်မြေတွင် ဆောင်ရွက်မှု ပြုလုပ်ပါက အခြားနိုင်ငံမှ ခွင့်ပြုချက် ရဖို့ လျှောက်ထားရန် လိုအပ်သည်ဟု ယင်းစာချုပ်တွင် သတ်မှတ်ပါက ဖိလစ်ပိုင်သည် လိုက်နာရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ သံရုံး အနေနှင့် ဘာမှတ်ချက်များ ရှိပါသနည်းဟု သတင်းထောက်က မေးမြန်းသည့်အခါ

   တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် စေ့စပ်ဆွေးနွေးခြင်းဖြင့် နယ်နမိတ် အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းရန်၊ အငြင်းပွားမှု မဖြေရှင်းမီ တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် သဘောကွဲလွဲမှုကို သင့်လျော်စွာ ထိန်းချုပ်ရန် တစ်လျှောက်လုံး ခံယူပါကြောင်း၊ ယခုနှစ်များအတွင်း တရုတ်နိုင်ငံသည် အချင်းချင်း၏ မူရပ်တည်ချက်ကို မထိခိုက်သည့် တစ်ချိန်တည်းတွင် Ren'ai Reef အခြေအနေကို မည်သို့ ထိရောက်စွာ စီမံထိန်းချုပ်နိုင်ရန်ကို ယခုအကြိမ် အစိုးရ ပါအဝင် ဖိလစ်ပိုင်ဘက်နှင့် တက်ကြွစွာ စူးစမ်းလေ့လာနေခဲ့ကြောင်း၊ နှစ်ဖက်တို့သည် သက်ဆိုင်ရာ နားလည်မှုများ ရရှိ ထားခြင်းကြောင့်ပင် လွန်ခဲ့သည့်နှစ်များအတွင်း Ren'ai Reef အခြေအနေသည် ဆက်တိုက် ငြိမ်းချမ်းတည်ငြိမ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်ဖက်အကြား ရရှိပြီးသား နားလည်မှုကို လိုက်နာခြင်း မခံရသောကြောင့်ပင် လွန်ခဲ့သည့် တစ်နှစ်အတွင်း Ren'ai Reef တွင် အငြင်းပွားမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် ကတိကဝတ်များနှင့် သဘောတူညီမှုများကို လိုက်နာပြီး တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် အခြေအနေကို သင့်လျော်စွာ ကိုင်တွယ် ထိန်းချုပ်ရေး ဖြစ်သည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် မျှော်လင့်ပါကြောင်း ဖြေကြားခဲ့ပါသည်။