ဟိုင်နန်၏ “အကောက်ခွန်မဲ့” စာရင်းမူဝါဒမှ တိုးတက်မှုများကို ထုတ်ပြန်

(GMT+08:00)2024-04-12 11:35:28  

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ "အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဟိုင်နန်ပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူက ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတည်ဆောက်မှု မြှင့်တင်သည့် ၆ နှစ်အတွင်း ရရှိခဲ့သော တိုးတက်မှုများကို မိတ်ဆက်ခဲ့ပါသည်။

ဟိုင်နန်ပြည်နယ်အုပ်ချုပ်ရေးမှူး Liu Xiaoming က ဥပမာအားဖြင့်၊ တင်သွင်းကုန်ကြမ်းများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ရွက်လှေများနှင့် ကိုယ်ပိုင်ထုတ်လုပ်သည့်ပစ္စည်းများအတွက် "အကောက်ခွန်မဲ့" စာရင်းမူဝါဒကြောင့် တင်သွင်းကုန်ပစ္စည်းစုစုပေါင်းပမာဏမှာ ယွမ် ၂၀.၂ ဘီလီယံရှိပြီး အခွန်ယွမ် ၃.၈၁ ဘီလီယံကို ကင်းလွတ်ခဲ့ကြောင်း၊၂၀၂၃ ခုနှစ်တွင် ဟိုင်နန်ပြည်နယ်၌ အခွန်လွတ်ဈေးဝယ်သူအရည်အတွက်နှင့် အခွန်လွတ်ဈေးဝယ်မှုပမာဏသည် လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၅၉.၉% နှင့် ၂၅.၄% အသီးသီး တိုးလာကြောင်း ပြောကြားခဲ့ပါသည်။