လှုပ်ရှားနေခြင်းသည် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်စေမည်ဟု ဂျပန်ပညာရှင်ဆို ဂျပန်အစိုးရသည် အမေရိကန်နှင့် နီးကပ်စွာ

(GMT+08:00)2024-04-12 11:36:38  

ဧပြီလ ၁၀ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် Fumio Kishida သည် အမေရိကန်သမ္မတ Biden နှင့် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ၌ စစ်ရေး၊ စီးပွားရေးနှင့် အခြားနယ်ပယ်များတွင် ဂျပန်-အမေရိကန် မဟာမိတ် ဆက်ဆံ ရေးကို နက်ရှိုင်းစေရေးအတွက် နှစ်ဖက်သဘောတူခဲ့ကြသည်။ ယင်းနှင့် ပတ်သက်၍ ဂျပန် အရှေ့အာရှအသိုက်အဝန်းသုတေသနဌာနဌာနမှူး Sun Qixiang က ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေးမူဝါဒများသည် အမေရိကန်နှင့် ပိုမိုနီးကပ်လာပြီး ဒေသတွင်း အခြေအနေအတွက် မတည်ငြိမ်သော အကြောင်းများ ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။