Queqiao အမှတ်-၂ Relay ဂြိုဟ်တု မစ်ရှင် ပြီးမြောက်ပြီဟု တရုတ်အမျိုးသား အာကာသရေးရာဦးစီးဌာန ဆို

(GMT+08:00)2024-04-12 16:19:45  



Queqiao အမှတ်-၂ Tracking and Data Relay ဂြိုဟ်တုသည် ပတ်လမ်းကြောင်းတွင် ဆက်သွယ်ရေး စမ်းသပ်မှုများကို ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ အကဲဖြတ်ခြင်းဖြင့် Relay ဂြိုဟ်တု ပလက်ဖောင်းနှင့် Payload တို့သည် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီး လုပ်ဆောင် ချက်များနှင့် စွမ်းဆောင်ရည်များသည် မစ်ရှင်လိုအပ်ချက်များနှင့် ကိုက်ညီသဖြင့် လကမ္ဘာ စူးစမ်းလေ့လာရေး ပရောဂျက်၏ စတုတ္ထအဆင့်လုပ်ငန်းများနှင့် နောက်ဆက်တွဲ ပြည်တွင်းပြည်ပ လကမ္ဘာစူးစမ်းလေ့လာရေး မစ်ရှင်များအတွက် Relay Communication ဝန်ဆောင်မှုများပေးနိုင်ကြောင်း၊ Queqiao အမှတ်-၂ Relay ဂြိုဟ်တု မစ်ရှင် ပြီးမြောက်ပြီ ဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသ ဌာနမှ ဧပြီလ ၁၂ရက်နေ့တွင် ထုတ်ပြန်သော သတင်းအရ သိရပါသည်။