အမေရိကန်သမ္မတ နှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2024-04-11 11:43:50  

အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် ဧပြီလ ၁၀ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်သည် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပူးတွဲကျင်းပခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဘိုင်ဒန်က အမေရိကန်နှင့် ဂျပန်တို့သည် ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် စီစဉ်နေသည့်အပြင် ဩစတြေးလျနှင့်အတူ လေကြောင်း ကာကွယ်ရေးစနစ်သစ်ကို အတူထူထောင်ရန် စီစဉ်နေကြောင်း ပြောကြား ခဲ့ ပါသည်။

Fumio Kishidaကလည်း အမေရိကန်နှင့်ဂျပန်တို့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပါအဝင် ဒေသတွင်းအရေးကြီးရေးရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း ပြောကြားခဲ့သည်။