ဥရောပသမဂ္ဂမှ တရုတ်အပေါ် ထောက်ပံ့ကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုရေးရာနှင့်ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်သည် ဥရောပသမဂ္ဂအား တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00)2024-04-11 12:56:55  

ဧပြီလ ၁၀ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု ကုစား‌ရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်သည် ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂကော်မတီ ကုန်သွယ်မှု ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Martin Lucas နှင့် တွေ့ဆုံရာတွင် ဥရောပသမဂ္ဂမှ တရုတ် လေအား Turbine ပေးသွင်းသူများအပေါ် ထောက်ပံ့ကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အဖြစ်မှန်နှင့် လုံးဝမကိုက်ညီသော အစီရင်ခံစာ နောက်ထပ်တစ်ကြိမ်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ ပါသည်။

 တရုတ်နိုင်ငံက ယခုအထိ ဥရောပသမဂ္ဂမှ တင်ပြသော FSR စုံစမ်းစစ်ဆေးမှု အားလုံးသည် တရုတ်စွမ်းအင်သစ်လုပ်ငန်းကုမ္ပဏီများအား ရည်စူးခြင်း ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် စုံစမ်းစစ်ဆေးရာတွင် ထောက်ပံ့ကြေး၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို တလွဲ တချော် ဖြစ်အောင် လုပ်ပြီး အစီအစဉ်များ ပွင့်လင်းမြင်သာမှုမရှိဘဲ တန်းတူညီမျှသော ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ကာကွယ်ရေးဝါဒလုပ်ရပ်ပင် ဖြစ်ကြောင်း ယူဆပါသည်။ တရုတ်နိုင်ငံသည် ယင်းကို ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်မိပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ဥရောပသမဂ္ဂအား မှားယွင်းသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပြီး ပြုပြင်ရန် တိုက်တွန်းထား သည်။

 ထို့အပြင် တရုတ်နိုင်ငံက ဥရောပသမဂ္ဂမှ တစ်ဖက်သတ် ရေးဆွဲချမှတ်သော စံချိန်စံနှုန်းဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေးကို အကဲဖြတ်ခြင်းမှာ အဖြစ်မှန်နှင့် လုံးဝမကိုက်ညီကြောင်း၊ တရုတ်-ဥရောပ စီးပွားကုန်သွယ်မှု ဆက်ဆံရေးကို ထိခိုက်ပြီး မရေရာမှုများ ကို ဆောင်ကြဉ်းမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။