ဂျပန်ကို Orcus အဖွဲ့အတွင်းသို့ ဆွဲလာခြင်းသည် အန္တရာယ်ရှိသည့် မှားယွင်းသောလုပ်ရပ် ဖြစ်သည်

(GMT+08:00)2024-04-11 09:48:33  

   မကြာမီက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် ဂျပန်အား Orcus အဖွဲ့တွင် ဆွဲလာသည့် သတင်းကို ကြေညာခဲ့သည်။ ယင်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလက Orcus အဖွဲ့ တည်ထောင်ခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် မိတ်ဖက်နိုင်ငံ ပါဝင်ခြင်းအကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

   Orcus ဆိုတာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးပွင့်ဆိုင် လုံခြုံရေး မိတ်ဖက် ဆက်ဆံမှု၏ အတိုကောက် အခေါ်အဝေါ် ဖြစ်သည်။

   အမေရိကန်သည် Orcus အဖွဲ့ကို "အင်ဒို ပစိဖိတ် မဟာဗျူဟာ" ကို ဖော်ဆောင်ရန် သော့ချက်ကျသည့် အစိတ်အပိုင်း အဖြစ် မြင်ပြီး ပိုမို များပြားသော မဟာမိတ်နိုင်ငံများ ပါဝင်လာဖို့ ကြံစည်ကာ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံအား ဟန့်တားရန် ဖြစ်သည်။ ဗြိတိန်သည် "ဂလိုဘယ် ဗြိတိန်" မဟာဗျူဟာကို တွန်းအားပေးနေကာ ဂျပန်အား အားကိုးပြီး အာရှ ပစိဖိတ်ရေးရာတွင် ပိုမို နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန် မျှော်လင့်ပါသည်။ သြစတြေးလျက အဖွဲ့ဝင်သစ်အဖြစ် ဝင်လာခြင်းကို ထောက်ခံသည့် အကြောင်းရင်းမှာ ၎င်း၏ နျူကလီးယား ရေငုပ်သင်္ဘော လေ့လာရေး အစီအစဉ်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ဂျပန်ကတော့ Orcus အဖွဲ့ကို အာရှ ပစိဖိတ်ဒေသတွင် စစ်ရေးအစီအစဉ်များ ဖော်ဆောင်ရန် ကိရိယာသစ်အဖြစ် အသုံးပြုချင်သည်။

   ဂျပန်၏ ပါဝင်ခြင်းသည် Orcus အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မလား ဆိုတာနှင့် ပတ်သက်ပြီး သြစတြေးလျ Dialogue ဝက်ဆိုက်မှာ ဘက်အသီးသီးတို့အကြား ကွဲလွဲမှုများ ရှိသဖြင့် ဂျပန်သည် သုံးပွင့်ဆိုင် မဟာမိတ်၏ အရေးကြီး အဖွဲ့ဝင် မဖြစ်နိုင်ကြောင်း ယခုလ ၉ ရက်နေ့က သုံးသပ်ဖော်ပြခဲ့သည်။

   ဂျပန်နိုင်ငံအဖို့ Orcus လို စစ်ရေးဆိုင်ရာ အဖွဲ့တစ်ခုတွင် ပါဝင်ပြီးနောက် ဂျပန်သည် အမေရိကန်၏ နိုင်ငံခြားမဟာဗျူဟာဆိုင်ရာ "လက်ပါးစေ" သေချာပေါက် ဖြစ်သွားလိမ့်မည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သီရိလင်္ကာ သမ္မတ ဗီကရာမာစင်ဟာက ယင်းမဟာ ဗျူဟာဆိုင်ရာ မှားယွင်းသော လုပ်ရပ်သည် အာရှတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်စေမည်ဟု ထောက်ပြခဲ့သည်။ အင်ဒိုနီးရှားနှင့် မလေးရှား ခေါင်းဆောင်တို့ကလည်း Orcus အဖွဲ့၏ လုပ်ရပ်သည် ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးနေသည်ဟု ပြစ်တင် ပြောကြား ခဲ့ကြပါ သည်။