တောင်ကိုရီးယား၏ အာဏာလက်မဲ့ပါတီများသည် လွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ ငါးပုံ သုံးပုံကျော် ရရှိ

(GMT+08:00)2024-04-11 12:08:14  

တောင်ကိုရီးယား YNA သတင်းဌာနမှ ဧပြီလ ၁၁ ရက်နေ့က သတင်းအရ ၂၂ ကြိမ်မြောက် တောင်ကိုရီးယား လွှတ်တော် ရွေးကောက်ပွဲ  မဲရေတွက်မှု ပြီးဆုံးသွားကြောင်း သိရပါသည်။ ရွေးကောက်ပွဲတွင် အကြီးဆုံး အာဏာလက်မဲ့ပါတီဖြစ်သော ဘုံဒီမိုကရက်တစ်ပါတီ နှင့် ၎င်း၏ မိတ်ဖက် ပါတီများသည် အမတ်နေရာ ၁၇၅ နေရာ အနိုင်ရရှိပြီး တောင်ကိုရီးယား လွှတ်တော်ရှိ စုစုပေါင်း အမတ်နေရာ ၃၀၀ အနက် ငါးပုံ ၃ ပုံကျော် ရရှိသည့်အတွက် လွှတ်တော်တွင် အင်အားအကြီးဆုံး ပါတီ ဆက်လက်ဖြစ်လာကြောင်း၊ ထို့အပြင် အာဏာရပါတီဖြစ်သည့် အမျိုးသားအင်အား ပါတီ နှင့် အမျိုးသားအနာဂတ် ပါတီတို့သည် အမတ်နေရာ ၁၀၈ နေရာ ရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။