ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေကို တရုတ် ထုတ်ပြန်

(GMT+08:00)2024-04-11 12:57:22  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် မကြာသေးမီက နိုင်ငံတော် ကောင်စီအမိန့်ကို လက်မှတ်ရေးထိုးပြီး ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေကို ထုတ်ပြန်ကာ ၂၀၂၄ခုနှစ် ဇွန်လ ၁ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်သည်။

    ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှုစနစ်သည် ဂေဟယဉ်ကျေးမှုစနစ်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှု ဆိုင်ရာ စည်းမျဉ်းဥပဒေသည် ရှီကျင့်ဖိန် ၏ ဂေဟယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်ကို ဘက်စုံအကောင်အထည်ဖော်ပြီး စိမ်းလန်းစိုပြေသော တောတောင်နှင့် ရေမြေများသည် ရွှေတောင်ငွေတောင်ပင်ဖြစ်သည့် သဘောတရားကို စွဲကိုင်ထားကာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီမှ ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှု ဆိုင်ရာ သတ်မှတ်ချက်များ၊ ထိရောက်သော အတွေ့အကြုံနှင့် နည်းလမ်းများကို စီမံအုပ်ချုပ်ရေးစည်းမျဉ်းဥပဒေပုံစံဖြင့် ပိုမိုခိုင်မြဲလာစေပြီး တိုးချဲ့ ဆောင် ရွက် လာခြင်း ဖြစ်ပါသည်။