ဝင်ရိုးစွန်း သုတေသနသင်္ဘော Xue Longသည် တာဝန်များပြီးဆုံးပြီ

(GMT+08:00)2024-04-11 12:11:26  

ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီ ၂၆ မိနစ်တွင် Xue Long ဝင်ရိုးစွန်း သုတေသနသင်္ဘော  သည် စန်းတုန်းပြည်နယ် ချင်းတောင်မြို့ တွင် ဆိုက်ကပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် တောင်ဝင်ရိုးစွန်းဒေသ လေ့လာရေးခရီး အောင်မြင်စွာ ပြီးဆုံးကာ လူအများ လည်ပတ်ကြည့်ရှုရန် ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် တောင်ဝင်ရိုးစွန်းဒေသ လေ့လာရေး အဖွဲ့သည် Xuelong နှင့် Xuelong 2 သင်္ဘော ကို စီးပြီး စတုတ္ထမြောက် တောင်ဝင်ရိုးစွန်းဒေသ ပူးတွဲစူးစမ်းလေ့လာရေး မစ်ရှင်ကို စတင်ရန် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာခဲ့သည်။ ငါးလကျော်ကြာပြီးနောက်၊ Xuelong နှင့် Xuelong 2 သင်္ဘော သည် ဟောင်ကောင်နှင့် ချင်းတောင်မြို့သို့ ဧပြီလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် အသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရ သည်။