ဟားမတ်စ်အဖွဲ့ခေါင်းဆောင်၏ ဆွေမျိုးများသည် အစ္စရေးမှ လေကြောင်း တိုက်ခိုက် မှု ကြောင့် သေဆုံးခဲ့

(GMT+08:00)2024-04-11 11:43:12  

အစ္စရေးကာကွယ်ရေးတပ်မတော် နှင့် အစ္စရေးအမျိုးသားလုံခြုံရေးဌာနချုပ် တို့သည် ဧပြီလ ၁၀ရက်နေ့ညက ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ၊ ထိုနေ့တွင် အစ္စရေး လေတပ်သည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဟားမတ်စအဖွဲ့ လက်နက်ကိုင် ၃ဦး သေဆုံးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ သေဆုံးသူ ၃ဦးသည် Haniya၏သားများဖြစ်သည်ဟု အတည်ပြုခဲ့ ကြောင်း ဖော်ပြထားသည်။

ထိုနေ့တွင်ပင် ဟားမတ်စ်မီဒီယာရုံးက ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ အစ္စရေးသည် ဂါဇာမြို့ Shati ဒုက္ခသည်များစခန်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လူ ၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ၃ဦးသည် Haniya၏သားဖြစ်ပြီး ကျန်၂ဦးသည် Haniya၏မြေးများဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။