ယူကရိန်းကို လက်နက်ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တဖန် အတည်ပြုခဲ့ပေမယ့် အထက်လွှတ်တော်အမတ်က ရေရှည်တည်တံ့နိုင်မလားဆိုပြီး မေးခွန်းထုတ်ခဲ့

(GMT+08:00)2024-04-11 12:11:56  

ယူကရိန်း၏ ဒုံးကျည် လေကြောင်းကာကွယ်ရေးစနစ်များကို ထိန်းသိမ်းရန်နှင့် အဆင့်မြှင့်တင် ရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန် ဒေါ်လာ ၁၃၈ သန်း တန်သော စစ်လက်နက် ပစ္စည်းများ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ဒေသစံတော်ချိန် ဧပြီလ၉ ရက်နေ့၌ အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယူကရိန်းကို ဒေါ်လာ သန်း ၃၀၀ လောက်တန်ဖိုးရှိတဲ့ အရေးပေါ် စစ်ရေးထောက်ပံ့မှုကိုပေးရန် အမေရိကန်အစိုးရက ပြီးခဲ့တဲ့လက ကြေညာခဲ့သည်။ သို့သော် ယူကရိန်း အတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်အစိုးရ၏ ပံ့ပိုး ကူညီမှု အစီအစဉ်သည် လွှတ်တော်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဒေသစံတော်ချိန် ဧပြီလ၉ ရက်နေ့က အမေရိကန် အထက်လွှတ်တော် စစ်ရေးကော်မတီ ကြားနာပွဲတွင် ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေး ထောက်ပံ့မှုသည် ကုန်ကျစရိတ် များလွန်းပြီး ရေရှည် တည်တံ့နိုင်မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် တိုမီ တူဘယ်လီလ် က ပြောကြားခဲ့သည်။