အနောက် ပစိဖိတ် ပင်လယ်ဖျံများသည် လျော်တုံ ပင်လယ်အော်တွင် ယာယီ နေထိုင်ကြ

(GMT+08:00)2024-04-10 11:27:44  

အပူချိန် ပြန်လည် မြင့်တက်လာသည်နှင့်အမျှ တရုတ်နိုင်ငံ လျော်နင်းပြည်နယ် ဖန်ကျင်မြို့ရှိ လျော်တုံပင်လယ်အော်တွင် အနောက်ပစိဖိတ် ပင်လယ်ဖျံများသည် လှုပ်လှုပ် ရှားရှားဖြင့်  သွားလာနေထိုင် ကြသော ကာလသို့  ရောက်ရှိလာသည်။

လျော်တုံ ပင်လယ်အော်သည် တရုတ်နိုင်ငံ ရေခဲ ပင်လယ်ပြင် ဧရိယာ၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး ကမ္ဘာ့ပေါ်က အနောက် ပစိဖိတ်  ပင်လယ်ဖျံများ မျိုးပွားရာဒေသ ၈ ခုထဲမှ တောင် ဘက် စွန်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ ပင်လယ်ပြင်တွင် မျိုးပွားနိုင်သည့် တစ်ခုတည်းသော ပင်နီ အဏ္ဏဝါ နို့တိုက်သတ္တဝါ တစ်မျိုး အနေနှင့် အနောက် ပစိဖိတ် ပင်လယ်ဖျံသည် တရုတ်နိုင်ငံမှ အမျိုးသား အဆင့် ၁ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး အမည်စာရင်းတွင် ပါရှိကြောင်း သိရပါသည်။