နိုင်ငံတကာရွှေဈေးသည် ဧပြီလ ၉ ရက်နေ့တွင် အမြင့်ဆုံးသို့ စံချိန်တင် ရောက်ရှိ

(GMT+08:00)2024-04-10 15:05:41  

    နိုင်ငံတကာရွှေဈေးသည်  အရှိန်အဟုန်ဖြင့် ဆက်တိုက်မြင့်တက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့ ၌ တစ်အောင်စလျှင် ၂,၃၈၄.၅ ဒေါ်လာဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ထိုနေ့ ဈေးပိတ်သည့် အချိန်အထိ၊ New York Mercantile Exchange မှ ဇွန်လ ရွှေအနာဂတ် ဈေးနှုန်း သည် တစ်အောင်စလျှင် ၂၃၆၂.၄ဒေါ်လာဖြစ်ပြီး  ဝ.၄၈ရာခိုင်နှုန်း တိုးလာခဲ့သည်။ ထို့သို့ မြင့်တက် လာရခြင်းမှာ Federal Reserve ၏ အတိုးနှုန်းလျှော့ချခြင်းနှင့် အန္တရာယ် များကို ရှောင်ရှား ရန် အပါအဝင် ၊  ယခုနှစ် မတ်လတွင် ကမ္ဘာ့ရွှေ ETF (အရောင်းအဝယ်ပုံစံ အိုးပင်း အညွှန်းကိန်း ရန်ပုံငွေ များ) ၏ ပိုင်ဆိုင်ငွေ စုစုပေါင်း ပမာဏသည် သိသိသာသာ မြင့်တက် လာသောကြောင့်လည်း ဖြစ်ပါ သည်။