ဂါဇာမိန်းကလေး- ကျွန်မ၏နေ့စဉ်ဘဝက ရေကိုရှာခြင်းဖြစ်သည်

(GMT+08:00)2024-04-10 12:06:44  

ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား ပဋိပက္ခသည် ခြောက်လကျော် ကြာမြင့်ခဲ့ပြီး ဂါဇာ ဒေသရှိ အခြေခံအဆောက်အအုံများကို ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။ ဂါဇာဒေသခံများသည် တိုက်ပွဲ များမှ ရှောင်ရှားရသည့်တစ်ချိန်တည်းတွင် အပျက်အစီးများနှင့် ငတ်မွတ်ခေါင်းပါးမှုများ ကြား အသက် ရှင်ရန် ခက်ခဲနေသည်။

Maha Sarsakသည် အသက် ၁၅ နှစ် ရှိပြီဖြစ် သည်။ ပဋိပက္ခဖြစ်ပွားချိန် မှစပြီး Deir al-Bayrah ဒေသရှိ ယာယီစခန်းတွင် သူမ၏မိသားစုနှင့်အတူ ခိုလှုံနေခဲ့သည်။ စခန်းတွင်းရေပေးဝေမှု ရေရှည် ပြတ်တောက် မှု ကြောင့် မိသားစုသုံးရေအတွက် နေ့စဉ် ရေကို နေရာအနှံ့တွင် ရှာဖွေနေရသည်။