တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနတို့ သဘောတူစာချုပ်ကို ဆက်လက် ချုပ်ဆို

(GMT+08:00)2024-04-10 15:06:32  

   ဧပြီလ ၈ ရက်နေ့က တရုတ်သိပ္ပံပညာတံခွန်အသင်းကြီး ဒုတိယဥက္ကဋ္ဌ ကျန်းယာဖိန်နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ တို့သည် ဘေကျင်း၌ တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဆက်လက် ချုပ်ဆိုခဲ့ကြပါသည်။ ၎င်းတို့၏ ရှေ့မှောက်၌ တရုတ်သိပ္ပံပညာ တံခွန်အသင်းကြီး စစ်ဆောင်ပနား အပူပိုင်း ရုက္ခပင်ဥယျာဉ်နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောလုပ်ငန်း ဦးစီးဌာနတို့သည် ဖြည့်စွက် သဘောတူ စာချုပ်ကို ချုပ်ဆို ခဲ့ကြပါသည်။

   အနာဂတ်တွင် နှစ်ဖက်တို့သည် လက်တွဲ တည်ဆောက်သော တရုတ်သိပ္ပံပညာ တံခွန် အသင်းကြီး၏ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး သုတေသနစင်တာကို အခြေခံပြီး ဇီဝမျိုးစုံမျိုးကွဲ တည်ရှိခြင်း လေ့လာရေး၊ ထိန်းသိမ်းကာကွယ်ရေး၊ ဝန်ထမ်းများ ပျိုးထောင်ရေး၊ နည်းပညာ အသုံးပြုရေး၊ ကူးလူးဖလှယ်ရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည် ဖြစ်ကာ အစဉ်တစိုက် ဖြစ်သော တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး၊ အရှေ့တောင်အာရှဒေသ ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လူသားများ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဆင့်တိုး အကျိုးပြုသွားမည် ဖြစ်ပါသည်။