တာရစ်မူ မြေချိုင့်ဝှမ်း တစ်ဝိုက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို စတင်တည်ဆောက်

(GMT+08:00)2024-04-10 11:40:21  

မကြာခင်က တာရစ်မူ မြေချိုင့်ဝှမ်း တစ်ဝိုက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ရှင်ကျန်းတွင် ဘက်စုံ စတင်တည်ဆောက်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းအသစ် ၂၁၀၈ ကီလိုမီတာကို အသုတ်လိုက် တည်ဆောက်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တည်ဆောက်ဆဲ ပထမအပိုင်းသည် စုစုပေါင်း အရှည် ၆၁၆ ကီလိုမီတာ ရှိပြီး စီစဉ်ထားသည့် ဓာတ်ငွေ့ ပို့လွှတ်မှုပမာဏသည် တစ်ရက်လျှင် ကုဗမီတာ ၁၁ သန်း ရှိကာ ၂၀၂၅ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း ဧပြီလ ၁၀ရက်နေ့တွင် တရုတ်ရေနံကုမ္ပဏီမှ သတင်းရရှိပါသည်။