ထိုင်းနိုင်ငံသည် နိုင်ငံတကာ လကမ္ဘာ သိပ္ပံသုတေသနစခန်း စီမံကိန်းတွင် ပါဝင်

(GMT+08:00)2024-04-10 14:42:27  

မကြာသေးမီက တရုတ်နိုင်ငံတော် အာကာသဗျူရို နှင့် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး သိပ္ပံသုတေသနနှင့်ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနတို့သည် အာကာသကို စူးစမ်း လေ့လာရေးနှင့် ငြိမ်းချမ်းစွာအသုံးပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးMOU နှင့် နိုင်ငံတကာ လကမ္ဘာ သိပ္ပံသုတေသနစခန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးMOUကို အတူတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

အဆိုပါ MOU၏အချက်အလက်များအရ တရုတ်၊ထိုင်း နှစ်ဦးနှစ်ဖက်တို့သည် ပူးတွဲကော်မတီနှင့် ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး အာကာသ စူးစမ်းလေ့လာရေး၊ အာကာသအသုံးပြုရေး နှင့် အာကာသစွမ်းရည် ထူထောင်ရေး စသောနယ်ပယ်များ၌ ပူးပေါင်း အာကာသ စီမံကိန်း၊ သိပ္ပံပညာ ကူးလူးဖလှယ်ရေး စီမံကိန်းနှင့် ဝန်ထမ်း ပျိုးထောင်ရေး စီမံကိန်းများ စီမံဆောင်ရွက်ခြင်း၊ DATAအချက်အလက်များကို ဖလှယ်ခြင်း၊ ဆွေးနွေးပွဲနှင့် သိပ္ပံပညာသင်တန်းများကို ပူးတွဲစည်းရုံးခြင်း စသောပုံစံများဖြင့် အားဖြည့်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းအရ သိရှိရ သည်။