ထိုင်းနိုင်ငံ၏ နှစ်စဉ် စစ်သား စုဆောင်းမှု စတင်

(GMT+08:00)2024-04-10 14:56:26  

ဧပြီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံပြည်လုံးဆိုင်ရာ စစ်သားစုဆောင်းမှုများ တရားဝင်စတင်လိုက်ပါသည်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသက် ၂၁ နှစ်မှ ၂၆နှစ်ကြား အရွယ်ရှိအမျိုးသားအားလုံးအနေနှင့် စစ်မှုထမ်းရန် အနည်းဆုံး တစ်ကြိမ် မဲရွေးချယ်ဖို့ လိုအပ်ပါသည်။ လိင်ပြောင်းသူများ အနေနှင့် ဆေးဘက်ဆိုင်ရာ သက်သေခံလွှာဖြင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် လျှောက်ထားနိုင် သော်လည်း တရားဝင်ကင်းလွတ်ခွင့်မရရှိမီတွင် ယင်းမဲရွေးချယ်မှုတွင် ပါဝင်ရန် လိုအပ်သည် ဟု သိရပါသည်။