ရှီကျင့်ဖိန်သည် မာယင်းကျူနှင့် တွေ့ဆုံ

(GMT+08:00)2024-04-10 20:37:37  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက ဘေကျင်း၌ မာယင်းကျူနှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်း ပေါက်ဖော်များသည် တူညီသော သွေးသားတော်စပ်မှု၊ တူညီသော ယဉ်ကျေးမှု၊ တူညီသော သမိုင်းတို့ ပိုင်ဆိုင်ကြောင်း၊ ဒီထက်ပိုအရေးကြီးသည်မှာ မိမိတို့သည် တရုတ်အမျိုးသား အပေါ် တူညီ သော တာဝန်ဝတ္တရားရှိပြီး အနာဂတ် အပေါ် တူညီသော မျှော်လင့်ချက် ရှိကြောင်း၊ မိမိတို့သည် တရုတ်အမျိုးသား၏ အကျိုးစီးပွား တစ်ခုလုံးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှနေ တစ်ခုလုံးခြုံပြီး နှစ်ဖက်ကမ်း ဆက်ဆံရေးကို ကိုင်တွယ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အားလုံးသည် တရုတ်လူမျိုး ဖြစ်ပြီး မပြေလည် နိုင်သည့် သဘောကွဲလွဲမှု၊ မဆွေးနွေးနိုင်သည့် ပြဿနာ မရှိသလို မိမိတို့အား ခွဲခွာနိုင်သည့် အင်အားလည်း မရှိကြောင်း၊ ရေလက်ကြားသည် နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များ၏ သွေးရင်းသားရင်း သံယောဇဉ်ကို မဖြတ်တောက်နိုင်ကြောင်း၊ စနစ်ချင်း မတူခြင်းသည် ရေလက်ကြား နှစ်ဖက်ကမ်း အားလုံး တစ်နိုင်ငံတည်း၊ တစ်လူမျိုးတည်း ဖြစ်သည့် အဖြစ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး သမိုင်း ရေစီးကြောင်းကို တားမြစ်နိုင်မည် မဟုတ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များသည် တစ်လျှောက်လုံး တစ်မျိုးတစ်နွယ်ထဲမှ ဆင်းသက်လာပြီး အပြန်အလှန် ကူညီ ထောက်ပံ့ နေခဲ့ကြကြောင်း ပြောကြားပါသည်။

   ရှီကျင့်ဖိန်က တရုတ်အမျိုးသား၏ ဘုံရပ်ရွာကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တရုတ်အမျိုးသား၏ ရေရှည် သုခချမ်းသာများကို ပြတ်ပြတ်သားသား လက်တွဲ ဖန်တီးရမည် ဖြစ်ကြောင်း၊ တရုတ်အမျိုးသား၏ ဘုံအသိ စိတ်ဓာတ် ခိုင်ခံ့အောင် ပြတ်ပြတ်သားသား တည်ဆောက်ရမည် ဖြစ်ကြောင်း၊ မွန်မြတ် သော တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေးကို ပြတ်ပြတ်သားသား ဖော်ဆောင် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

 မာယင်းကျူက ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို စွဲကိုင်ပြီး ထိုင်ဝမ် သီးခြား တည်ရှိရေး ကို ဆန့်ကျင်ခြင်းသည် နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်ရေး၏ ဘုံနိုင်ငံရေး အခြေခံ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။