Boeing 777 နှင့် 787 လေယာဉ်တွင် ထုတ်လုပ်မှုဆိုင်ရာ ချို့ယွင်းချက်ရှိဟု Boeing အင်ဂျင်နီယာများ စွပ်စွဲ

(GMT+08:00)2024-04-10 11:26:29  

အမေရိကန် Boeing ကုမ္ပဏီမှ အင်ဂျင်နီယာ Sam Salehpour သည် Boeing 777 နှင့် 787 Dreamliners လေယာဉ်များ ထုတ်လုပ်ရာတွင် ပြဿနာများရှိခြင်းကြောင့် လေယာဉ်ကိုယ်ထည်၏ အစိတ် အပိုင်း များ မှားယွင်းစွာ ချိတ်ဆက်မိပြီး လေယာဉ်၏ ဝန်ဆောင်မှုသက်တမ်းကို အလွန် တိုတောင်းစေကာ ပျံသန်းစဉ်တွင် လေယာဉ်ကိုယ်ထည် ကွဲထွက်နိုင်ဖွယ် ရှိ ကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဒေသစံတော်ချိန် ဧပြီလ ၉ ရက်နေ့က CNN က ရေးသားဖော်ပြထားသည်။

လက်ရှိအချိန်တွင် အမေရိကန် လေကြောင်း စိမံခန့်ခွဲရေးဌာန(FAA)သည် Salehpur ၏ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေပြီး အမေရိကန် အထက်လွှတ်တော် စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ယခုလ ၁၇ ရက်နေ့တွင် ကြားနာစစ်ဆေးမှု  ပြုလုပ် မည်ဖြစ်ကြောင်း သိရှိရသည်။