ဆန်စပါးပညာရှင် Yang Huade သည် ဘူရွန်ဒီနိုင်ငံ ဒေသခံများ ဆင်းရဲမှုမှ လွတ်မြောက်ရန် တွန်းအားပေး

(GMT+08:00)2024-04-10 15:04:46  

မကြာသေးမီက CCTV-1 "Moving China" အစီအစဉ်၏ ၂၀၂၃ခုနှစ် ဆုရရှိသူများစာရင်းကို ကြေညာခဲ့သည်။ ၎င်းတို့ထဲတွင် စီချွမ်းပြည်နယ် နေကျန်မြို့ ဝေယွမ်ခရိုင် လယ်ယာ စိုက် ပျိုး ရေး သိပ္ပံနည်းပညာဝန်ဆောင်မှုစင်တာမှ စိုက်ပျိုးရေး နည်းပညာ သုတေ သနပညာရှင်   Yang Huade လည်း ပါဝင်ပါသည်။

Yang Huade သည် ၂၀၁၅ခုနှစ်မှစ၍ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ပြီး ဘူရွန်ဒီနိုင်ငံကို ကူညီ ထောက်ပံ့ရန် အဆင့်မြင့် စိုက်ပျိုးရေးကျွမ်းကျင်သူများ ပရောဂျက် အဖွဲ့၏ ခေါင်း ဆောင် အဖြစ် လေးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သည့် ၉ နှစ် အတွင်း သူနှင့် သူ့အဖွဲ့ ဝင်များသည် လယ်ကွင်းထဲသို့  သွားရောက် ကာ ဘူရွန် ဒီ ပြည်သူများ နှင့်အတူ အလုပ် လုပ်ကြ၍  ဘူရွန်ဒီနိုင်ငံတွင်း စားနပ်ရိက္ခာ ဖူလုံမှု ရှိ စေရန် နှင့် ဒေသခံ ပြည်သူများ ဆင်းရဲမှုမှ လွတ်မြောက်စေရန် ကူညီပေးကာ တရုတ်နှင့် ဘူရွန်ဒီ နှစ် နိုင်ငံ အကြား ချစ်ကြည်ရေး ပေါင်းကူးတံတားကို တည်ဆောက်ပေးခဲ့ပါသည်။