ရှီကျင့်ဖိန် သည် SPC အဖွဲ့ဝင်အားလုံးအား ပြန်စာ ပေးပို့

(GMT+08:00)2024-04-10 13:57:14  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် မကြာသေးမီက SPC (Special Police of China) အဖွဲ့ဝင်အားလုံးအား ပြန်စာ ပေးပို့ခဲ့ပါသည်။
    ရှီကျင့်ဖိန်၏ ပြန်စာတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် အထူးတာဝန်များကို ထမ်း ဆောင် သဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရ အားကောင်းရမည် ဖြစ်ကြောင်း၊ SPC အဖွဲ့ဝင် အားလုံးအား ဆက်လက်ကြိုးစားပြီး သစ္စာရှိမှုကို အဆက်မပြတ် သံခဲတင်ကာ လေ့ကျင့်မှုများကို အားကောင်းလာရန်၊ ဆင်းရဲဒုက္ခနှင့် သေခြင်းတရားကို မကြောက်ဘဲ တိုက်ပွဲဝင်စိတ်ဓာတ် ခိုင်မာ ပြီး ကမ္ဘာ့အဆင့်မီ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူး စစ်ဆင်ရေးတပ်ဖွဲ့ကို ကြိုးပမ်းတည်ဆောက်ကာ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူများအတွက် အောင်မြင်မှုသစ် ရရှိရန် အမြဲတမ်းအသင့်ရှိနေရန် မျှော်လင့် ကြောင်း အလေးထားဖော်ပြထားပါသည်။
    မကြာသေးမီက SPC အဖွဲ့ဝင်အားလုံးသည် ရှီကျင့်ဖိန် ထံသို့ စာတစ်စောင်ကို ပေးပို့ခဲ့ရာ အထူးစစ်ဆင်ရေး တပ်ဖွဲ့တည်ဆောက်မှု အခြေအနေနှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းအခြေအနေများကို အစီရင်ခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင်  တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မည့် ယုံကြည်စိတ်နှင့် သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ပါသည်။