ပထမဆုံး အကြိမ် တရုတ် လူပုံစံ စက်ရုပ် လုပ်ငန်း ညီလာခံ ဖွင့်လှစ်

(GMT+08:00)2024-04-10 13:59:23  

    ပထမဆုံး အကြိမ် တရုတ် လူပုံစံ စက်ရုပ် လုပ်ငန်း ညီလာခံကို ယခုလ ၉ရက်နေ့တွင် ဘေကျင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီ ၃၀ကျော်သည် နောက်ဆုံးပေါ် နည်းပညာနှင့် ကုန်ပစ္စည်းများကို ပြသပြီး လူပုံစံ စက်ရုပ် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အခြေအနေသစ်နှင့် အလားအလာသစ်များကိုလည်း ပြသခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားမှ ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာ အစီရင်ခံစာ အရ ယခုနှစ် တရုတ် လူပုံစံ စက်ရုပ် ဈေးကွက် ပမာဏမှာ ယွမ်ငွေ ၂.၇၆ဘီလီယံ ရှိမည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။