နှုတ်ပိတ်ခအမှု ကြားနာစစ်ဆေးခြင်း ရွှေ့ဆိုင်းရန် Trump ၏ တောင်းဆိုချက်ကို အမေရိကန် အယူခံ တရားရုံးမှ ပယ်ချ

(GMT+08:00)2024-04-09 15:28:47  

 ဒေသစံတော်ချိန်ယခုလ ၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အယူခံတရားရုံးသည် နှုတ်ပိတ်ခအမှု ကြားနားစစ်ဆေးခြင်းကို ထပ်မံရွှေ့ဆိုင်းရန် သမ္မတဟောင်း Trump ၏ တောင်းဆိုချက်ကို ပယ်ချခဲ့ပါသည်။

   ထိုနေ့စောစောပိုင်းက နှုတ်ပိတ်ခအမှုကို တာဝန်ယူထားသည့် တရားသူကြီးကို Trump က တရားစွဲပြီး၊ ၎င်း အမှု ကြားနာမည့်နေရာကို ပြောင်းလဲပေးရန်၊ မူလက သတ်မှတ်ထားသည့် အချိန်ကို တစ်ပတ်ရွှေ့ဆိုင်းရန်နှင့် ယင်းအမှုတွင် ပါရှိသည့် gag အမိန့်ကို ဆိုင်းငံ့ထားရန် ထပ်မံတောင်းဆိုခဲ့သည်ဟု သတင်းအရသိရ ပါသည်။