ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင် အဖြစ် လက်ခံရန် စတင်ဆွေးနွေး

(GMT+08:00)2024-04-09 15:28:21  

ဒေသစံတော်ချိန် ဧပြီလ ၈ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ တွင် တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ပါလက်စတိုင်း၏လျှောက်လွှာကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်သစ် လက်ခံရေးကော်မတီထံသို့ တင်ခဲ့ကြောင်း၊ အစီအစဉ်အရ ထိုနေ့တွင် လုံခြုံရေး ကောင်စီအဖွဲ့ဝင်သစ်လက်ခံရေးကော်မတီသည် ပထမဆုံးအကြိမ် အတွင်းပိုင်း ဆွေးနွေးပွဲကို ကျင်းပကြောင်း သိရှိရ သည်။

လက်ရှိအချိန်တွင် ပါလက်စတိုင်းသည် ကုလသမဂ္ဂ၏ အကဲခတ်နိုင်ငံဖြစ်ကြောင်း၊ ပါလက်စတိုင်းအား ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်အဖြစ် လက်ခံရန်  လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သဘောတူညီမှု ရရှိရန် လို အပ်ကြောင်း သတင်းအရ သိရှိရသည်။