ကပွဲရုံ တိုက်ခိုက်မှု သံသယရှိသူများသည် ယူကရိန်း ထောက်လှမ်းရေးဌာနနှင့် ဆက်နွှယ်မှု ရှိ နိုင်ကြောင်း ရုရှားဆို

(GMT+08:00)2024-04-09 15:27:30  

မော်စကိုပြည်နယ် Crocus City Hall ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ သံသယရှိသူများသည် ယူကရိန်း ထောက်လှမ်းရေးဌာနနှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း ရုရှားဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ကော်မတီ က ဧပြီလ ၈ ရက်နေ့တွင်  ကြေညာခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မတီက  ကပွဲရုံ အကြမ်းဖက် တိုက်ခိုက် မှု တွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် မျက်မြင်သက်သေများဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူများ၏ အမည်စာရင်းကို အတည်ပြု နေဆဲဖြစ်ကြောင်း ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်သည့် ပြစ်မှု ကျူးလွန်သူများ၊ ကြံရာပါများနှင့်  စည်းရုံးသူများကို ရှာဖွေ ဖမ်းဆီးရန် အတွက် စုံစမ်း စစ်ဆေး ရေး နှင့် ရှာဖွေရေး ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ သိရှိရသည်။