အမေရိကန်က တရုတ်လျှပ်စစ်ကားများကို စုံစမ်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ တရုတ်စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00)2024-04-09 15:25:21  

မကြာခင်က အမေရိကန်အစိုးရသည် နိုင်ငံလုံခြုံးရေးကို ခြိမ်းခြောက်မှု ဖြစ်စေခြင်း ဆိုတာကို အကြောင်းပြုပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို စုံစမ်းစစ်ဆေးမည်ဟု ကြေညာခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဥရောပသမဂ္ဂသည် အကောက်ခွန်ရုံးအား တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများကို မှတ်ပုံတင်ရန် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ခံသည် အချို့နိုင်ငံနှင့် ဒေသများသည် ဖူလုံသည့် အထောက်အထား မရှိသည့် အခြေအနေတွင် တရုတ်လျှပ်စစ်ကားများကို ကန့်သတ်မှု ဆောင်ရွက်ခြင်းသည် WTOနိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများနှင့် မကိုက်ညီရုံသာမက တစ်ကမ္ဘာလုံး ကား ထုတ်လုပ်မှုကွင်းဆက်ကိုလည်း အပြင်းအထန် အနှောင့်အယှက်ပေးကာ တစ်ကမ္ဘာလုံးမှ သုံးစွဲသူများ၏ အကျိုးစီးပွားကို ထိခိုက် ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။